WECAN Myanmar

တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ

အခြေခံပညာအဆင့်မှစတင်၍ တောရိုင်းတိရစ္ဆာန်များ၏တန်ဘိုးကို သိရှိနားလည်စေရန်နှင့် ထိန်းသိမ်းရေး ဆိုင်ရာအသိပညာများရရှိစေရန် ရည်ရွယ်၍ အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် သားငှက်ထိန်းသိမ်းရေး မြန်မာနိုင်ငံအစီအစဉ် (WCS) တောရိုင်းတိရစ္ဆာန်နှင့် ဂေဟစနစ် ထိန်းသိမ်းရေး အသင်း (WECAN) တို့ ပူးပေါင်းစီစဉ်သော ” တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောပွဲ” အခမ်းအနားကို ယနေ့ (၃.၉.၂၀၁၉) နံနက် ၉နာရီခွဲတွင် အဆိုပါ အထက်တန်းကျောင်း၌ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးမြင့်ဝေမှ အဖွင့် အမှာစကားပြောကြားပြီး WECAN ဥက္ကဌ ဒေါက်တာစံပယ်မင်းမှ ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ကြယ်လိပ်များအကြောင်း သိကောင်းစရာများကို WECAN Intern သတ္တဗေဒ ပါရဂူတန်း တတိယနှစ် ကျောင်းသူ မခိုင်ခိုင်သူမှ ၎င်း, ရန်ကုန်တက္ကသိုလ် သတ္တဗေဒ ဌာနမှ ကထိက ဒေါက်တာ စုစုနိုင်မှ မြန်မာနိုင်ငံရှိ မြွေ, လိပ် နှင့် သင်းခွေချပ် တို့၏ ရှားပါးလာမှုနှင့်ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းကို၎င်း, တရားမဝင် ကုန်သွယ်မှု ကြောင့် မျိုးသုန်းပျောက်ကွယ်မည့်အန္တရာယ်ကျရောက်နိုင်သည့် မြန်မာနိုင်ငံအတွင်းရှိ တောရိုင်းတိရစ္ဆာန်များအကြောင်းနှင့် ဂေဟစနစ် ထိမ်းသိန်းရန် အရေးကြီးပုံတို့ကို ဒေါက်တာ စံပယ်မင်းမှ၎င်း ရှင်းလင်းပြောကြားကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူ များ အား အမေးအဖြေ အစီအစဉ်များ ပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ကြပါသည်။ ထို့နောက် တာဝန်ခံ ကျောင်းအုပ်ဆရာကြီးမှ ကျေးဇူးတင်စကားပြောကြားကာ ပညာပေးဟောပြောပွဲ အခမ်းအနားကို နေ့လည် ၁၂ နာရီတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ ဆရာမများ ကျောင်းသား/သူများ စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။